သတင်းများ

ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Aug 27,2021
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်နေရာ(၇)နေရာတွင် ယနေ့ နံနက်ပိုင်းမှစတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့က ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၃၉ ဦးအတွက် မီးဖိုချောင်သုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခဲ့သည့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ငါ့သရောက်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသော အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးပေါ်ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများကို ယနေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့၊ အနော်ရထာခန်းမတွင် မီးဖိုချောင်သုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြားသည်။
ကန့်ဘလူမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပ
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း အနောက်မြောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့သို့ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးမည့် အောက်ဆီဂျင်စက်သစ်ကြီး ရောက်ရှိ
Aug 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းမှ ဆောင်ရွက်လျက်ရှိသည့် အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးအတွက် အလှူရှင် ဦးစိန်လွင် (ဥက္ကဌ- မြို့နယ်နာရေးကူညီမှု အသင်း)၊ ဇနီး ဒေါ်ဖြူဖြူခိုင်မိသားစုမှ လှူဒါန်းသော အောက်ဆီဂျင်စက်သစ်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်ရှိ (IDP)စခန်း (၃)ခုမှ တိုက်ပွဲရှောင်ပြည်သူများအား အဝတ်ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေးအပ်
Aug 27,2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ်ရှိ (IDP)စခန်း (၃)ခုမှ တိုက်ပွဲရှောင်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အဝတ်ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
မတ္တရာမြို့နယ်မှ အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်တော့မည်
Aug 27,2021
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အများပြည်သူ လှူဒါန်းမှုဖြင့်မှာယူ ထားသော အောက်ဆီဂျင်စက်သည် ယမန်နေ့ နံနက်ပိုင်းက မတ္တရာမြို့ အောက်ဆီဂျင် စက်ရုံ တည်ဆောက်သည့်နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးအလွတ် (၁၅၀)လုံး ရောက်ရှိ
Aug 27,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် အရေးပေါ် လူနာများ အသုံးပြုနိုင်ရေး ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးများ တင်ဆောင်လာသည့် မော်တော်ယာဉ် မှာ ၂၀၂၁ခုနှစ် ၊ ယနေ့ မွန်းလွှဲ ၁၂ နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကွင်းအတွင်း ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။