သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို ဒေသခံ ပြည်သူများ အဆင်ပြေစေရန် နေရာ(၄)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးသွားမည်
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယခုလ ၂၉ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင် ပြေစွာ ထိုးနှံနိုင်ရေးအတွက် နေရာ(၄)နေရာခွဲ၍ ထိုးနှံပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီသို့ ဦးဘောမ်လမ်းနှင့် မစ္စတာလီဝေ (မြန်မာဟိန်ယကုမ္ပဏီ)တို့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက် ၁ လုံးနှင့် ဝယ်ယူသည့် အောက်ဆီဂျင်စက် ၂ လုံးတို့အား လွှဲပြောင်းပေးအပ်
Aug 27,2021
ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဝယ်ယူထားသည့် အောက်ဆီဂျင်စက် ၂ လုံးအပါအဝင် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေတို့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက် ၁ လုံးတို့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကူမြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်
Aug 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၁) နာရီ အချိန်က ရွှေကူမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမ၌ ပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ဆွေးနွေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နေပြည်တော် အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်တွင် မြေဧရိယာ (၂)ဧကခန့်ရှိ မြေကွက်အား ကျောက်မှုန့်နည်းပညာဖြင့် တစ်ဆင့်မြှင့် ကုန်ချော ထုတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီ က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။
ပေါင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Aug 27,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌  ဩဂုတ်လ ၂၇ ရက် နေ့လယ် ၁နာရီက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၆၅)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး
Aug 27,2021
မြစ်ကြီးနားမြို့တွင် လတ်တလော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ‌ရေဝပ်ရေလျှံမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပင်မရေနှုတ်မြောင်းများ အပါအဝင် ရေနှုတ်မြောင်းငယ်များအားလုံး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပထမ အကြိမ် မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ရေကြီးနစ်မြုပ်မှု ကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပထမအကြိမ် မိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဂူကျေးရွာအုပ်စုရှိ စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျရောက်သဖြင့် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စုအတွင်း ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများရှိ စိုက်ခင်းများတွင် ဖျက်အားပြင်း ငမြှောင်တောင် ပိုးကျရောက် နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ယမန်နေ့က အဆိုပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။