သတင်းများ

ကျွန်းစုမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး (အရန်) ရွေးကောက်ပွဲဆိုင်ရာပညာပေး သင်တန်းဖွင့်လှစ်
Dec 23,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး (အရန်) ရွေးကောက်ပွဲဆိုင်ရာပညာ‌ပေး သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။
မြို့သစ်မြို့နယ်၌ “ခရမ်းချဉ်သီး” စျေး တစ်ပိဿာ (၆၀၀၀) ကျပ် စျေးရောင်းချရ၍ ရောင်းချသူများ အဆင်ပြေလာ
Dec 23,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲ များသာမက ရာသီအလိုက်ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ပြန်တက်လာကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။
သားဖွားသင်တန်းကျောင်း (မန္တလေး) ၌ ဘွဲ့လက်မှတ်အပ်နှင်းပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 23,2025
ဘက်စုံသားဖွားဒီပလိုမာ (၁၁) ကြိမ်မြောက် သင်တန်းသူများအား ဘွဲ့လက်မှတ်အပ်နှင်းပွဲ ဖွင့်ပွဲအခမ်းအနားကို သားဖွားသင်တန်းကျောင်း (မန္တလေး) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်
Dec 23,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး စာအုပ်အား ယမန်နေ့နေ့လည် (၁) နာရီက Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်
Dec 23,2025
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ရုံးတွင်း ရုံးစာရေးသားနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီး ဒေသထွက်ငှက်ပျောသီးများ ဈေးကောင်းရရှိ
Dec 23,2025
ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ပင်စင်လစာငွေများ ထုတ်ပေး
Dec 23,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
Dec 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် (၂၁၊ ၂၂) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။