ကော့မှူးမြို့နယ် သရက်တောကျေးရွာ၌ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲကျင်းပ
Jul 21,2026
ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်သရက်တော ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကျင်းပသော သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မုတ်ကျွန်းတာ (သရက်တောအပိုင်း) သရက်တောကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။