ဒလမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ ဆောက်လုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သြဂုတ်လ တတိယအပတ်မှ စတင်ကာ အောက်ဆီဂျင်စက်ရုံထားရှိနိုင်ရန် မြေပြင်ပြုပြင်ခြင်းနှင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း များကို ဗညားဒလရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်းမကြီးနှင့် ကနောင်လမ်းမကြီးထောင့်ဆုံရာ မြေနေရာတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ပုံ- အောက်ဆီဂျင် စက်ရုံထားရှိရန် အဆောက်အအုံ ဆောက်လုပ်နေမှု။