သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးအလွတ် (၁၅၀)လုံး ရောက်ရှိ
Aug 27,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် အရေးပေါ် လူနာများ အသုံးပြုနိုင်ရေး ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးများ တင်ဆောင်လာသည့် မော်တော်ယာဉ် မှာ ၂၀၂၁ခုနှစ် ၊ ယနေ့ မွန်းလွှဲ ၁၂ နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကွင်းအတွင်း ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို ပထမအကြိမ်ဇူလိုင်၂၉ရက်မှ စတင်ထိုးနှံပေးပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့နံနက်၉နာရီကမြို့နယ်အတွင်း ကျောင်းတိုက်များမှ သံဃာတော်များ၊သီလရှင်များအား  ပြည်နယ်ခန်းမတွင် စတင်ထိုးနှံပေးသည်။
ကျိုက်မရော၌ကိုဗစ် ၁၉ရောဂါကာလအတွင်းသခွားသီးစီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Aug 27,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကလိုင်းကနိုင်ကျေးရွာတွင် သခွားသီးများစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မိသားစုစားဝတ် နေရေး အတွက်အထောက်အကူဖြစ်သည့်အပြင်အပိုဝင်ငွေလည်းရရှိနေကြောင်း သိရသည်။
ချောက်မြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ​ဒေသခံပြည်သူများ လက်ဝယ်အ​ရောက် နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေ
Aug 27,2021
မကွေးတိုင်းဒေသကြီး၊​ချောက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား ရပ်ကွက်ကျေးရွာအုပ်စုများရှိ အိမ်​ခြေ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ‌ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှု ပါးစပ်နှာခေါင်းစည်း(Mask)များ ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် ဆည်တော်ကျေးရွာသို့  သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ ထားရှိ ခြင်းစစ်ဆေး
Aug 27,2021
ပြည်သူများ ကိုဗစ်.၁၉ ရောဂါ ဖြစ်ပွားမှုလျော့ကျစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပုသိမ်မြို့ပေါ်ရှိ မြို့ဝင်တိုးဂိတ်အနီး ရုပ်ထုကြီးအဝိုင်း ၊ရွှေ၀တ်မှုန် ၄ လမ်းထိပ်၊ ဘိုးဘွားရိပ်သာဒေါင့်! ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့နှင့် ပုသိမ်မြို့ နာရီစဥ်ဘေး၊ ဘူတာစျေးအရှေ့၊ စျေးလေး မီးပွိုင့်အရှေ့စသည့် နေရာ (၆)နေရာတို့တွင် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းများ မြေစိုက်ပိုစတာများကို ယနေ့နံနက်ပိုင်းက စိုက်ထူထားရှိခဲ့ပါသည်။ အဆိုပါ မြေစိုက်ပိုစတာများ စိုက်ထူထားရာနေရာများသို့ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦး လင်းကိုကိုနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည်။