သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ကာကွယ်ရေးရက်သတ္တပတ်လှုပ်ရှားမှု ကျေးရွာများ အရောက် Mask Campaign ပညာပေးလုပ်ငန်းများပြုလုပ်
Aug 27,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် Mask Campaign ရက်သတ္တပတ်လုပ်ရှာမှု အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။
ငါးသယံဇာတပေါများရေးဧရာဝတီမြစ်အတွင်းငါးမျိုးများစိုက်ထည့်
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ကျောက်​မြောင်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရတနာသိင်္ခ တံတားရှင်းလင်းဆောင်အနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ ၊နံနက် ၉ နာရီ ခွဲအချိန်က ငါးသယံဇာတပေါများရေးအတွက် ငါးသားပေါက်များ စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောင်တော်မူဘုရားကြီး၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ဇူလိုင်(၃၀)ရက်နေ့တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ရဟန်းသံဃာများ၊ အသက်(၆၅)နှစ် အထက်မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီ၌ စတင်ဆောင်ရွက်သည်။
ရွှေကျင်မြို့နယ်တွင် ရွှေကျင်ချောင်းသဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရွှေကျင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက္မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်း‌ဒေသကြီး၊ ရွှေကျင်မြို့နယ် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းနှင့်ပကွီးသု‌‌တေသနအင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်၂၇ ရက်နေ့နံနက် ၉နာရီအချိန်မှစ၍ ကျင်းပခဲ့သည်။
မော်လိုက်မြို့နယ်၌ သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး ချင်းတွင်းမြစ်အတွင်း ဇာတ်တိုက်လေ့ကျင့်
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မိုးရာသီကာလ သဘာ၀ဘေးများကျရောက်လာပါက လျင်မြန်ထိရောက်စွာကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်းရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Aug 27,2021
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်၌ယနေ့နံနက်၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကိုဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Aug 27,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက နားသံကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်၊ အထွက်နေရာများ၌ အသိပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်
Aug 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့အဝင်၊အထွက်နေရာများ၌ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။