ငဖဲမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုလျော့နည်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးပို့သော နှာခေါင်းစည်း (mask) (၁၃၅၀)ဘူး၊အခုရေ (၆၇၅၀၀)ကို နှာခေါင်းစည်း တပ်ဆင်ရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ နှာခေါင်းစည်းများ ဖြန့်ဝေ ပေးသွားမည် ဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဖြူ ကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာအုပ်စုနှင့် မင်းလွင်ကျေးရွာအုပ်စု သို့ ကွင်းဆင်း၍ အိမ်ထောင်စုများ လက်ဝယ်အရောက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။