ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့တွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ကျောက်မြောင်းမြို့ အမှတ်(၄) ရပ်ကွက် ရတနာသိင်္ခ တံတား ရှင်းလင်းဆောင်အနီးတွင် ယနေ့နံနက်(၉း၃၀)အချိန်က ရွှေဘိုခရိုင် ငါးလုပ်ငန်းဦး စီးဌာနမှ ကြီးမှူး၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ(၄)သိန်း ၊ ထိုင်းငါးခုံးမ(၂) သိန်း ၊ ရွှေဝါငါးကြင်းပေါက်(၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၆ သိန်း ၅ သောင်း) တို့ဖြင့် ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။