ဘားအံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

 

ဘားအံ ဩဂုတ် ၂၇

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်နေရာ(၇)နေရာတွင် ယနေ့  နံနက်ပိုင်းမှစတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။    

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်စုရပ်နေရာများဖြစ်သည့် ဇွဲကပင်ခန်းမ ၊ အ-ထ-က(၁) ၊ အ-ထ-က(၃) ၊ အိန္ဒု(အ-ထ-က) ၊ ထုံးအိုင်(အ-ထ-က) ၊ မာလာဖူးကျောက်ထုတ် လုပ်ရေးစခန်း ၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေး မှုအတတ်သင်အကျဉ်းစခန်း ၊ တောင်ကလေးအကျဉ်းထောင်  ၊ ဇာသပြင်-ကော့ကျိုက်ဘုန်းကြီးကျောင်း ၊ မြိုင်ကလေးတိုက်နယ် ဆေးရုံနေရာများတွင် ဆရာတော် ၊ သံဃာတော်ကြီးများ ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ ၊ နိုင်ငံဝန်ထမ်းများ ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များ ၊ အကျဉ်းသား/အချုပ်သားများ  ၊ ပြည်သူများ ၊ ဈေးသူ/ဈေးသားများ ၊ စားသောက်ဆိုင် ဝန်ထမ်းများ ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ  ၊ အဝေးပြေးယာဉ်မောင်း ယာဉ်နောက် လိုက်များ စုစုပေါင်း(၁၆၈၉၁)ဦးကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ကို   ဩဂုတ်လ(၂၆)ရက်နေ့မှ(၃၁)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များရှိ သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေး ထိုးနှံပေး ကြပြီး ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးကော်မတီဝင်များ ၊ Volunteer များ ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။