နမ္မတူ ဩဂုတ်၂၇
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ်ရှိ (IDP)စခန်း (၃)ခုမှ တိုက်ပွဲရှောင်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု အဝတ်ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့ နယ်ဦးစီးမှူး ဦးဝေထွန်းအောင် နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်းတို့က ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ ၅၅၅ဦးတို့အတွက် အဝတ်ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၅၅၅ခုအား တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဒေါ်မြတ်သူနှင်းထံက သိရသည်။
လူမော်