ညောင်ဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ပင်ပန်းစွာ အလုပ်လုပ်ကိုင်ခဲ့သည့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ငါ့သရောက်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသော အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးပေါ်ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများကို ယနေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့၊ အနော်ရထာခန်းမတွင် မီးဖိုချောင်သုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းမှသည် တတိယလှိုင်းအထိ ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့၊ ပုဂံမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ဝင်မြို့ထွက်ဂိတ်များအသီးသီးတွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေး ရေးဂိတ်များ ဖွင့်လှစ်ပြီး ၂၄နာရီတာဝန်ထမ်းဆောင်လျှက်ရှိခဲ့ပြီး၊ တတိယလှိုင်း ကိုဗစ်-၁၉ရောဂါ ဖြစ် ပွားနေချိန် တွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအရှိန်အဟုန်မြင့်၊ ပေးအပ်သည့်တာဝန်များကိုဆောင်ရွက်ခဲ့ကြရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့က မီးဖိုချောင်သုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်း ပေးအပ်ခဲ့ ကြောင်းသိရသည်။
မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဝန်ထမ်းတစ်ဦးလျှင် ဆန် ၆ ပြီ၊ဆီ ၅၀ကျပ်သား ၊အာလူးတစ်ပိသာ၊ ကြက်ဥ ၁၅လုံး၊Mask အခု ၅၀ ပါတစ်ဘူးစီ၊Hand Gel တစ်ဘူးစီနှင့် Face Sheld တစ်ခုစီတို့အား ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ငါ့သရောက်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း ၁၃၉ ဦးတို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုထိန်