မိုင်းယောင်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အ.မ.က(ကော့ခွယ်) ဝန်ထမ်းအိမ်ရာ တစ်ထပ်ဆောင် သစ်ဆောက်လုပ်နေမှု၊ အ.မ.က(ဝမ်ဒန်)၊ အ.မ.က(ပါမန်း)နင့် အ.မ.က(ယမ်းပုံး) ကျောင်းဆောင် သစ်ဆောက်လုပ်နေမှု၊ နားဖန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ သစ်ဆောက်လုပ်နေမှုနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း အဝီစိတွင်းတူးဖော်နေမှု လုပ်ငန်းများအား မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ စိစစ်ရေးကော်မတီအတွင်းရေးမှူး ဦးထက်ဝေတင့်၊ အဖွဲ့ဝင်ဦးစိုင်းစိုးစိုး၊ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချန်စံညွန်း ကိုက်ညီစေရေး၊ အရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း