ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးအလွတ် (၁၅၀)လုံး ရောက်ရှိ

မောင်တော    ဩဂုတ် ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် အရေးပေါ် လူနာများ အသုံးပြုနိုင်ရေး ပြည်သူ့ဆေးရုံအတွက် ဝယ်ယူထားသည့် အောက်စီဂျင်အိုးများ တင်ဆောင်လာသည့် မော်တော်ယာဉ် မှာ ၂၀၂၁ခုနှစ် ၊ ယနေ့ မွန်းလွှဲ ၁၂ နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကွင်းအတွင်း ရောက်ရှိခဲ့ကြောင်း  သိရသည်။

မောင်တောမြို့နယ်အတွင်း အောက်စီဂျင် ပြတ်လတ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူထားသော အောက်စီဂျင်အိုးကြီးတစ်လုံးလျှင် ၄၀ လီတာဆံ့ အိုး အလွတ်အလုံးရေ (၁၅၀)လုံးနှင့် ဆက်စပ် ပစ္စည်းများရောက်ရှိလာရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အောက်စီဂျင်အိုးထားရှိမည့် ယာယီအဆောက်အဦးနေရာထဲသို့ ကူညီရွေ့ပြောင်း  ဆောင်ရွက်ပေးကြသည်။

သက်လွင်စိုး