ရပ်စောက်မြို့နယ်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၅) ဦးရှိ
Aug 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်ထိ ရပ်စောက် ပြည်သူ့ဆေးရုံကြီးနှင့် ပင်ဖြစ်တိုက်နယ်ဆေးရုံတို့တွင် နေမကောင်းဖျားနာပြီး သံသယ ရှိသူများကို ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၂၂)ဦးထပ်မံတွေ့ရှိရပြီး ဆေးရုံဆင်းခွင့်ရသူ(၁၅)ဦးနှင့် သေဆုံးသူ(၁)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီမှသိရသည်။