သတင်းများ

ကျောက်ကြီးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းနှင့် အသက်(၁၂)အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် အထကခွဲကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင် (၂၃)ကြိမ်​မြောက် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲ ကျင်းပနိုင်ရေး အစည်းအ​ဝေး ကျင်းပ
Jul 25,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့ နံနက်(၁၀) နာရီအချိန်က ​အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်း​ဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဆင်ဖုန်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူများအား Booster အပိုထပ်ဆောင်းထိုးနှံ
Jul 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍
ဖြူးမြို့နယ်၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် မျိုးစိတ်အသစ်များ ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask) များ ဝေငှပေး
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့်၎င်း၏ မျိုးစိတ်အသစ်များ ကာကွယ်တားဆီး နိုင်စေရေး နှာခေါင်းစည်း (Mask) များ ဆက်လက် တပ်ဆင်သွားလာစေရေးအတွက် ရည်ရွယ်ကာ ဇူလိုင်(၂၅)ရက်နေ့၊ နံနက် (၇) နာရီခွဲအချိန်က စတင်၍ လူနေစည်ကားရာနေရာများ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jul 25,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည် တက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ပြည်တက္ကသိုလ် အားကစားနှင့်ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ ‌တက်ရောက်ကြည့်ရှုအားပေးသည်။
ဟိုပန်၌ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပပြုလုပ်
Jul 25,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးက ကြီးမှူးကျင်းပသည့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် မိတ်ဆက် ရှင်းလင်းပွဲကို ယနေ့နေ့လည် (၁၁)နာရီက ဟိုပန်မြို့နယ် တရားရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (၃/၂၀၂၂) တွံတေး၌ဖွင့်
Jul 25,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (တွံတေး) တွင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ငါးလုပ်ငန်းနှင့် သက်ဆိုင်သောပညာရပ်များ သင်ကြားရန်အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသား ဖောက်ခြင်းနည်းပညာပေးသင်တန်း (၃/၂၀၂၂) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ Door to Door စနစ်ဖြင့် အမှတ်(၁၄)ရပ်ကွက်သို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူ
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ​ ဝန်ထမ်းများ က အမှတ် (၁၄)ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က အဆိုပါ ရပ်ကွက်အတွင်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။