သတင်းများ

တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ဘဏ္ဍာရေးနှစ် အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ရမည်းသင်းမြို့၊ သိမ်ကုန်းကျေးရွာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၂)နာရီ (၃၀)မိနစ်အချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရမည်းသင်းမြို့၊ သိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် Book Club အသင်းအဖွဲ့များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေး ပြည့်မီရေးနှင့် လူငယ်များ ဗလငါးတန်ဖွံဖြိုးစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်တံတား အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်
Feb 07,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ကစတင်၍ အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြလေ့ကျင့်ကြသည်။
ကျောက်တံတား အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Feb 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျောင်းသား လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့၊ နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 07,2023
အမရပူရမြို့၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ပန်းဂေါ်ဖီများ အထွက်ကောင်းပြီး စျေးကောင်းရရှိ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိက လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်ကာလသည် ပန်းဂေါ်ဖီပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့်ဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်
Feb 07,2023
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပပြုလုပ်ခဲ့သည်။