ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်

နမ့်ဆန် ဖေဖော်ဝါရီလ ၇ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ကစတင်၍ အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြလေ့ကျင့်ကြသည်။

စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှု အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇော်မိုးမှ မီးသတ်ဦးစီးဌာန သမိုင်းကြောင်းများ၊ မြို့နယ်တွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး မီးအသုံးပြုဆောင်ရန်ရှောင်ရန် အချက်အလက်များ၊ မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်း အဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသန့်ဇော်မိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ကျောင်းသူများအား လက်တွေ့မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်