သတင်းများ

မံစီမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 07,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘော်လီဘောပြိုင်ပွဲဖွင့်
Feb 07,2023
စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့အတွင်း ကွန်ကရစ်လမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ခရမ်းမြို့တွင်းရှိ ကွန်ကရစ်လမ်းများအား အဆင့်မြှင့်တင်ခြင်းဖြစ်သည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်း အသုံးစရိတ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ည‌နေပိုင်းက (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ ကြောင်းသိကောင်းစရာအသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ အ.ထ.က (မြို့မ) ကျောင်း၌ ကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော‌ နွေရာသီ၌ ကျောင်းသား၊ ကျောင်းသူများ မီးဘေးလုံခြုံရေး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးနှင့် မီးလောင်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အ.ထ.က (မြို့မ ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃သန်းကျော်ဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန်ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၆၃သန်းကျော်ဖြင့်  ဖောက်လုပ်လျက်ရှိသော ကျေးလက်ကုန်ထုတ်လမ်းအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Feb 07,2023
​စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ​ အားကစားရုံတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Feb 07,2023
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉နာရီက ကျင်းပသည်။