စုကလိ ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောပြပြီးနောက် စုကလိမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများ ကဉာဏစွမ်းရည်အဖြစ် ဘော်လုံးအရောင်တူရာရွေးချယ်ပြိုင်ပွဲအားပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများအား ဖေဖော်ဝါရီလ၁၀ ရက်နေ့တွင်ပြုလုပ်မည့် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်