သတင်းများ

ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဦးရဲမင်းစိုး(တရားလွှတ် တော်ရှေ့နေ)စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
မောက်မယ်မြို့နယ်၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၇၆) နှစ်မြောက်ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့နံနက်၇နာရီက မြို့နယ် နမ့်ယွန်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး
Feb 07,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်အား ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာခင်းကျင်းပြသနိုင်ရေးကြိုတင်ပြင်ဆင်နေမှုများကို ဖေဖော်ဝါရီ(၅)ရက်ညပိုင်းက ပြခန်းများစီစဉ်ဆောင်ရွက်ရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
သာယာဝတီမြို့၌ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါးများရိတ်သိမ်းပြီး လယ်ကန်သင်းများ အားလပ်ချိန်တွင် နေ့စဥ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မေမြို့ပန်းစိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်း စီနှခွကျေးရွာ တောင်သူဦးဖိုးဆိတ်၏ လယ်မြေများတွင် စိုက်ပျိုးထားသောမေမြို့ပန်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထက(ပေါက်ခေါင်း)၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။
ပန်းတောင်းမြို့နယ်၌ လုပ်ငန်းခွင်အကြိုမူလတန်းအဆင့် ဆရာဖြစ်မွမ်းမံသင်တန်းဖွင့်လှစ်
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းအဆင့် ဆရာဖြစ်မွမ်းမံသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပန်း​တောင်း အ.ထ.က အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ် ဆင်မြီဆွဲမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံ ပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲများကို လစဉ်ကျေးရွာ(၁၀)ရွာ ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ် ဆင်မြီဆွဲမြို့၊ ကြို့ရပ်သာအုပ်စု၊ လယ်ပေါ်ကျေးရွာ၊ ကံပေါ်ကျောင်း ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
အုတ်ဖို၌ မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာ သင်တန်းဖွင့်လှစ်ပို့ချ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃) ကို အ.လ.က ချမ်းမြသာမြေကျောင်းတွင် ယနေ့ နံနက် ၉ နာရီချိန်က ပို့ချပေးလျက်ရှိသည်။