သတင်းများ

ပေါက်ခေါင်းမြို့နယ်၌ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိ
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ကွင်းအမှတ် (၇၁၂) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
နောင်မွန်းမြို့နယ်၌ တောင်သူအသိပညာပေးနှင့် သဘာဝမြေဩဇာ အချိုးကျကြဲပက်ခြင်း ကွင်းသရုပ်ပြ
Jul 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ‌‌ဒေသဝမ်းစာဖူလုံ‌ရေးဆင်းဧရီ-၃ စပါးမျိုး အထွက်နှုန်း တိုးပွားလာစေရန်နှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ် ကြဲပက် တတ်စေရန်အတွက် စိုက်ပျိုးတောင်သူ အသိပညာပေးခြင်းနှင့် သဘာဝမြေဩဇာ အချိုးကျကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၂) ရပ်ကွက်ရှိ မြို့မ တောင်ကွင်း၌ ပြုလုပ်‌ကြောင်း သိရသည်။
ရခိုင်ပြည်နယ် တရားလွှတ်တော်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း
Jul 26,2022
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနား ဓနုဖြူ၌ ကျင်းပ
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ၊ ရွှေဘုံသာဘုန်းကြီးကျောင်းတွင် ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 26,2022
ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 26,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုကြောင့် (၄၆) ရပ်ကွက်၊ ဗိုလ်စောဦးလမ်းနှင့် (၄၉)ရပ်ကွက်၊ ဗိုလ်နက်ကျော်လမ်း သစ်ပင်များလဲကျမှုအား ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။