သတင်းများ

ပေါက်တောမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃) မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကျင်းပ
Feb 07,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃) မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မော်လိုက်မြို့၌ ကလေးလူငယ်အခွင့်အရးဆိုင်ရာ ဉပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးလူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးမှတ်တမ်း ကတ်ပြားသုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုအား ဆန်းစစ်ဆွေးနွေးပွဲပြုလုပ်
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြိုနယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမ၌ ကျောင်းကျန်းမာရေးမှတ်တမ်း ကတ်ပြားသုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုအား ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရာသီပေါ် သမှုန်းပွင့်ရောင်းသူများ မိသားစုစားဝတ်နေရေး အဆင်ပြေ
Feb 07,2023
နတ်မောက်မြို့နယ်၊ မြို့မစည်ပင်သာယာရေးစျေးအတွင်း ရာသီပေါ် သမှုန်းပွင့် ရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်​ကြားခြင်း အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
မလှိုင်မြို့၌ ၂ဝ၂၃ခုနှစ် (၇၆)နှစ်မြောက်ပြမလှိုင်မြို့၌ ၂ဝ၂၃ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု ကလေးပြိုင်ပွဲကျင်းပည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု ကလေးပြိုင်ပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂ဝ၂၃ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယမန်နေ့ကမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ထန်းတောကျေးရွာသားဖွားခန်း၌ကျင်းပခဲ့ကြောင်းသိရသည်။
မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Feb 07,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား လူငယ်များအား အသိပညာတိုးပွားစေရေးအတွက်၊ စာသင်ကျောင်းမှအပ အပြင်ဗဟုသုတများ၊ စကားပြောစွမ်းရည်များ၊ မြန်မာစာအသုံးအနှုန်းများကို နားလည်စေရန် ရည်ရွယ်၍ စာရေးဆရာ လူထုစိန်ဝင်း၏ “မျော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ကျင်းပခဲ့သည်။
လက်ပံတန်းမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်းနှင့်ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။