သတင်းများ

သနပ်ပင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ဆက်လက်ကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြိူ့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များအတွက် ကဗျာရွတ်ဆိုနှင့်အားကစားပြိုင်ပွဲများကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငါန်းဇွန်မြို့မမူကြိုကျောင်းမှ ကျောင်းသား ကျောင်းသူ သားငယ်သမီးငယ်များ ပညာရည်မြင့်မားရေးအတွက် ကဗျာရွတ်ဆိုနှင့် အားကစားပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရွှေဘိုတက္ကသိုလ်တွင် (၇၆)နှစ်​မြောက် ပြည်​ထောင်စု​နနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်​ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 07,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်​မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်​ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 07,2023
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာအုပ်၊ စာ​စောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
အ.ထ.က(ခွဲ)ကဘင်းချောင်း‌ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ခွဲ)ကဘင်းချောင်းကျောင်း၌ ကျင်းပခဲ့သည်။
ဖောင်းပြင်မြို့နယ်တွင် ခရမ်းချဉ်သီးများ ဈေးကောင်းရရှိ
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများနေဖြင့် ခရမ်းချဉ်သီးများ ဆွတ်ခူးရောင်းချရချိန် တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ဈေးနှုန်းဖြင့် ဖောက်သည်ဈေး ရောင်းချရပြီး လက်လီရောင်းချသူများက မြို့မစည်ပင်သာယာဈေး၌ ၃၀၀၀ ကျပ်ဈေးမှ ၃၅၀၀ကျပ်ဈေးနှုန်းဖြင့် ပြန်လည်ကာရောင်းချရကြောင်း သိရသည်။
ကြံခင်းမြို့တွင် (ရန်ကုန်အားကစားသိပ္ပံ)သင်တန်းသားများရွေးချယ်
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နိုင်ငံတော်အတွက် အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက (ရန်ကုန်အားကစားသိပ္ပံ) သင်တန်းသားများ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မူဆယ်မြို့၊ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။