သတင်းများ

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ
Jul 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာ‌ပေ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ မွှန်းလွှဲ (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
မိုးတွင်းကာလ၌ မအီမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသနေပြည်သူများ မျှစ်ချိုးရောင်းချခြင်းဖြင့် အဆင်ပြေ
Jul 26,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်၊ မအီချောင်းဖျားရှိ တောင်ပေါ်ဒေသနေ ပြည်သူများမှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို ချိုးယူရောင်းချခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေးအတွက် သင့်တင့်စွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ကျေးရွာအုပ်စု(၂၆)အုပ်စု ထုတ်ချေးပြီးစီး
Jul 26,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster dose ထိုးနှံပေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 26,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၅)ရက်နေ့ မွန်းလွဲ (၃)နာရီတွင် ဘုရားချောင်းကျေးရွာအုပ်စုအသင်းနှင့် သာပေါင်းကျေးရွာအုပ်စုအသင်းတို့ ဗိုလ်လုပွဲစဉ်အား ယှဉ်ပြိုင်ခဲ့ရာ ဘုရားချောင်းကျေးရွာအုပ်စုအသင်း ဗိုလ်စွဲအနိုင်ရရှိခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်​မြင့်မားရေး အသိပညာပေးဆွေးနွေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့​နံက်ပိုင်းက စွယ်​တော်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။
မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သားအချုပ်သူများ စုစုပေါင်း (၁၁၅၁)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 26,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သား အချုပ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) မထိုးနှံရသေးသူများ စုစုပေါင်း (၁၁၅၁)ဦးကို ယမန်နေ့ နံနက် (၇)နာရီခွဲမှစတင်၍ အုပ်ချုပ်မှုရုံးခန်းမ၌ ထိုးနှံပေးခဲ့သည်။