သတင်းများ

ခန္တီးမြို့တွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ ညနေ(၃)နာရီအချိန်က လူငယ်အသိပညာ ပေးဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရေဖြူဒေသ၌ ကွမ်းသီးအခြောက်ခြမ်းစျေး လွန်ခဲ့သောငါးနှစ်ကထက်ဈေးကျမှုရှိ
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ်ရာသီတွင် ကွမ်းသီးအခြမ်းခြောက်ဈေးများ ယခင်နှစ်ကထက် ၂၀၀၀ ကျပ်ခန့်ဈေးကျကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။
လွိုင်လင်မြို့တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ယနေ့နံနက် (၈ နာရီခွဲ)က ကျင်းပသည်။
မိုင်းဖြတ်မြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေဖြူမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင်   မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး (ဆေးရုံ ဟောင်း)တွင် ထိုးနှံပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 07,2023
စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့နယ် အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ကြောင်း သိရသည်။
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကျောင်းတွင်းကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကျောင်းတွင်းကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကျင်းပရာ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။