သတင်းများ

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jul 25,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်နှင့် မိုင်းအန္တရာယ် အသိပညာပေးဟောပြော
Jul 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိ နားလည်နိုင်စေရန်၊ ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်နှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူ ခန်းမ၌ ကျင်းပခဲ့သည်။
မြဝတီခရိုင်ရုံး၌  စာပေချစ်မြတ်နိုးသူ အသင်းဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jul 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များ စုပေါင်း၍ ယနေ့နံနက်၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာခင်မောင်အေးရေးသားသည့်“လူရယ်လို့ဖြစ်လာ လျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် Community  Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jul 25,2022
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆွေးနွေးပွဲ Talk  Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့ မင်းစု (အထက) ၌ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 25,2022
တောင်သာမြို့နယ်ရှိ  အခြေခံပညာကျောင်းများမှ   ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင်   ထူးချွန်စွာအောင်မြင်အောင်  သင်ကြားပေးခဲ့သော    ဆရာ/ဆရာမများနှင့်     ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား  ဂုဏ်ပြုချီးမြှင့်ပွဲ  အခမ်းအနားကို  ယမန်နေ့နံနက် (၉) နာရီ အချိန်က မင်းစု (အထက) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocational  Education Training) (၅/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ             ​
Jul 25,2022
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎​ရေနံနှင့် သဘာဝဓာတ်‎​ငွေ့လုပ်ငန်း၊​ ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (မ‎​ကွေးတိုင်း​ဒေသကြီး)တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့်မြို့နယ်များအား ဂုဏ်ပြုဆုများပေးအပ်ပွဲတက်ရောက်
Jul 25,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် အောင်ချက်အကောင်းဆုံးမြို့နယ်များအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပသည်။
ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံမေးမြန်း
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ငါးဆယ်ပေးအုပ်စု အုတ်ဖိုကျေးရွာနှင့် ဘုရားပေါ်ကျေးရွာတို့တွင် နွေစပါးစိုက်တောင်သူများနှင့် ယမန်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။