သတင်းများ

ရှမ်းရွာသစ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Feb 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှရရှိသော စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ဇန်နဝါရီလအထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းခြင်းအစည်းအဝေးကို ယနေ့နံက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ဗီတာမင်အေနှင့် သံဓာတ်အားတိုးဆေး တိုက်ကျွေး
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်က ဗီတာမင်အေနှင့် သံဓာတ်အားတိုးဆေး တိုက်ကျွေးပေးကြောင်း သိရသည်။
ကရင်ပြည်နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Feb 07,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာဦးတင်ဦး(ကျူရှင်)၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 07,2023
အမရပူရမြို့၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ လူငယ့်အားမာန်ကျောင်းဆောင်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရေးရည်ရွယ်ပြီး ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 07,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ‌ ဒေါ်ချစ်နှင်းသုန်နှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်အခြေခံပညာအထက်တန်းကျောင်းများမှ​ ကျောင်းသား/ ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)၏ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကျင်းပ
Feb 07,2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို) ၏ ပဉ္ဓမအကြိမ်မြောက် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတစ်ရပ်ကို ဖေဖော်ဝါရီ(၅)ရက်နံနက် (၉)နာရီခွဲက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ခန်းမ၌ကျင်းပသည်။
သာပေါင်းမြို့နယ်၊တောင်ကလေးကျေးရွာတွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာတွင် မြန်မာ့ရိုးရာတပို့တွဲလ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (တောင်ကလေး) ကစားကွင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့် ရပ်သူရွာသားများ ပူးပေါင်းဦးဆောင်၍ ကျင်းပခဲ့သည်။