သတင်းများ

မိုင်းရှူးမြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက အမှတ်(၁)ရပ်ကွက်၊ ဘုံခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့၌ လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်ပို့ချ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ၂၉-၁၂-၂၀၂၁ ရက်နေ့ သတင်းစာခေါ် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုရက်တို ဆရာအတတ်ပညာသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အထက (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
ရာသီပေါ် သမှုန်းပွင့်ရောင်းသူများ မိသားစုစားဝတ်နေရေးအဆင်ပြေ
Feb 07,2023
နတ်မောက်မြို့နယ်၊ မြို့မစည်ပင်သာယာရေးစျေးအတွင်း ရာသီပေါ် သမှုန်းပွင့် ရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲပြိုင်ပွဲများကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ခရမ်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသပွဲ ကျင်းပ
Feb 07,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ် /လူရွယ်လေးများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက် ၁၀ နာရီက ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ဝေါမြို့တွင် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Feb 07,2023
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် (Mobile Library)ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်းရုံး၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာနရုံးသွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
လင်းခေးတွင်(၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ၂၀၂၃ခုနှစ် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်နွယ်ဝတီခန်းမ ပုရိဝုဏ်အတွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးစွာအခမ်းအနား တက်ရောက်လာသူတို့က နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ
Feb 07,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။