ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၇

အမရပူရမြို့၊ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက နံရံကပ်စာစောင်ပြပွဲပြုလုပ်ရခြင်းနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကလေး၏အသက်အရွယ်အပိုင်းအခြား၊ လက်ရှိကလေးငယ်များအလုပ်လုပ်နေရပုံ၊ ကလေးငယ်အခွင့်အရေးဆုံးရှုံးနေရမှု စသည့်အချက်များပါဝင်သည့် နံရံကပ်များကိုပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်စေရန်ရည်ရွယ်ပြီး စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူလေးများကကြည့်ရှုပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ