သတင်းများ

နတ်တလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Mar 29,2023
ပဲခူးတိုင်းဒေသကြီး ၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဇီးကုန်းလေးရပ်ကွက်၊ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးတွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ တက်ရောက်
Mar 29,2023
အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Mar 29,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်တက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာရှိ မွန်စာသင်ကျောင်း၌ ပြုလုပ်သည်။
ကျိုက်မရောမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ
Mar 29,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခု အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီး အတွင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိ ပထမပြန်စာမေးပွဲကျင်းပ
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ခနောင်တိုအရှေ့ရပ်ကွက်၊ ဓမ္မပီတိဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရွှေကျောင်းဆောင် ဓမ္မဗိမ္မာန်တော်ကြီးတွင် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။
ကော့မှူးတွင် ပါဠိပထမပြန်စာမေးပွဲစာတင်ဖြေဆို
Mar 29,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဋိပထမပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်မိဂဒါဝုန်ဓမ္မာရုံ‌တော်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနေကြကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲဖြေဆို
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီ အချိန်မှစ၍ မဟာအတုလ‌ဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် ဖြေဆိုခဲ့ကြောင်း သိရသည်။