ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်းဆင်းပွဲပြုလုပ်
Apr 09,2023
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်ကူးစိတ်သန်းတီထွင်ဆန်းသစ်မှု ပိုမိုရင့်သန်လာစေရန်၊ ပန်းချီအနုပညာကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိပန်းချီအနုပညာရှင်များ ပူးပေါင်းဆောင်ရွက်သည့် အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်လျက်ရှိရာ သင်တန်းဆင်းပွဲကို ဧပြီ(၇)ရက် နေ့လယ်(၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။