နတ်တလင်း မတ် ၂၉
ပဲခူးတိုင်းဒေသကြီး ၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဇီးကုန်းလေးရပ်ကွက်၊ရန်ကုန်-ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးတွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများ အမှူးပြုလျက် ပထမကြီး၊ ပထမလတ်၊ပထမငယ်၊အခြေပြုမူလတန်း အလိုက် စာဖြေ ရဟန်း၊သာမဏေ၊ သီလရှင်များစုစုပေါင်း ၇၄ ပါးကြွရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက် နေ့အထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများက စာဖြေဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာစာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ ဆက်)