သတင်းများ

ပန်ဆိုင်း(ကြူကုတ် ) မြို့တွင် နွေရာသီအားလပ်ရက် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Mar 29,2023
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကျောင်းသား/ကျောင်းသူများ အနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချစေပြီး မိမိတို့အတွက်
မိုင်းခတ်၌ Mobile Library စနစ်ဖြင့်စာအုပ်စာ‌စောင်များငှားရမ်း‌ပေးခြင်းဆောင်ရွက်
Mar 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ
Mar 29,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
လပွတ္တာမြို့တွင် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Mar 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးကြောင်း သိရသည်။
မြို့သစ်မြို့စည်ပင်သာယာစျေးတွင် ခရမ်းချဉ်သီး တစ်ပိဿာ(၁၅၀၀)ကျပ်ဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံး
Mar 29,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခရမ်းချဉ်သီးတစ်ပိဿာကို (၁၅၀၀)ကျပ် စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးလျက်ရှိကြောင်း စျေးအတွင်း ကုန်မျိုးစုံ ဝယ်ယူ ရောင်းချနေသူ တစ်ဦးထံမှသိရသည်။
မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ၌ ရှေးဟောင်းသမိုင်းဝင် သိမ်တော်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲကျင်းပ
Mar 29,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာ ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် သိမ်တော်စေတီတော်နှင့် အရံစေတီတော်များအား မွမ်းမံပြုပြင်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များ တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို လျှက်ရှိ
Mar 29,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က မဟာကံကြီးရှင်ဘုရားကြီးအတွင်း စာဖြေသံ ဃာတော်များက ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်ရှိ ခေါပငံချောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်
Mar 29,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ခေါပငံချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို မတ် (၁၈) ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။