သတင်းများ

မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ
Mar 29,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို အ.ထ.က(၄)တွင် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့်  ကဗျာရေးဖွဲ့နည်း သင်တန်းဆင်းပွဲကျင်းပ
Mar 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များ  စာဖတ်စွမ်းရည် မြင့်မားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အထိမ်းအမှတ်နေ့များတွင် ပြိုင်ပွဲဝင်ကဗျာများ ရေးဖွဲ့နိုင်ရေးအတွက် ရည်ရွယ်၍ အထောက်အကူပြု သင်တန်းဖြစ်သည့် ကဗျာရေးဖွဲ့နည်း(အခမဲ့) သင်တန်းကို မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၁၉ )ရက်နေ့မှ (၂၆) ရက်ထိ သင်ကြားခဲ့ပြီး ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။  
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကျင်းပ
Mar 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) သင်တန်းဆွေးနွေးပွဲကို ယမန်နေ့က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ
Mar 29,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရွှေအမ်းမြေရိပ်သာ၌ အမ်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Mar 29,2023
မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (မူလတန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Mar 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မူလတန်းအဆင့် ဆရာ၊ ဆရာမများ၏ သင်ယူမှု၊ သင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာကို ကျွမ်းကျွင်မှုရှိပြီး သင်ယူမှု၊ သင်ကြားမှု ထိရောက်စွာ တိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာ (မူလတန်း) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို
Mar 29,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို မြတ်စွယ်တော်ဓမ္မာရုံ၌ ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းကျင်းပ
Mar 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝများတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။