သုံးခွမြို့နယ်တွင် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲဖြေဆို

သုံးခွ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်း စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီ အချိန်မှစ၍ မဟာအတုလ‌ဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် ဖြေဆိုခဲ့ကြောင်း သိရသည်။

စာဖြေဌာနဖြစ်သည့် မဟာအတုလဝေယံ သာသနာ့ဗိမာန်‌ တော်ကြီး၌ စာဖြေသံဃာပထမကြီးတန်းတွင် (၁) ပါး၊ ပထမလတ်တန်းတွင် (၅)ပါး၊ ပထမ ငယ်တန်းတွင် (၅)ပါးနှင့် အခြေပြုမူလတန်းတွင် (၁၁)ပါး၊ စုစုပေါင်း (၂၂) ပါး ဝင်ရောက်ဖြေဆိုကြောင်း သာသနာရေးဦးစီးဌာန မြို့နယ်သာသနာ‌ရေးမှူးရုံးမှ တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။

ထိုသို့စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အဖွဲ့၀င် ၁ ‌ဗိုလ်မှူး သန့်ဇော်လင်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များက တက်ရောက်ကြည်ညိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေ ကျပ် ၅၀၀၀၀၀ အား လှူဒါန်းဆပ်ကပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မတ်လ(၂၈) ရက်နေ့မှ ဧပြီ(၃) ရက်နေ့အထိ နေ့လယ်၁၂နာရီမှ ညနေ ၃နာရီထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း ပြန်/ ဆက်