ဆိပ်ကြီးခနောင်တို မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ခနောင်တိုအရှေ့ရပ်ကွက်၊ ဓမ္မပီတိဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရွှေကျောင်းဆောင် ဓမ္မဗိမ္မာန်တော်ကြီးတွင် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ အထိ(၇)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ စာမေးပွဲဖြေဆိုရာတွင် စာရင်းပေးသွင်းသူ စာဖြေသံဃာတော် အခြေပြုမူလတန်း (၉)ပါး၊ ပထမကြီးတန်း(၃)ပါးရှိရာမှ ပထမနေ့ လာရောက်ဖြေဆိုသူ အခြေပြု မူလတန်း(၇)ပါးနှင့်၊ ပထမကြီးတန်း (၃)ပါး စုစုပေါင်း စာဖြေ သံဃာတော် (၁၀)ပါး ရှိကြောင်း သိရသည်။
စာဖြေ သံဃာတော်များ အဆင်ချောမွေ့စွာ စာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သာသနာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆွမ်း၊ကွမ်း၊ ဆေးဝေယျာဝစ္စများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ ဆက်)