သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေးကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး
Apr 09,2023
မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများတွင် သန့်ရှင်း၍စိမ်းလန်းစိုပြေပြီး ​ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေး အ​လေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်
ကျောက်ဆည်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသည့် မိသားစုများ အဆင်ပြေ
Apr 09,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာရှိ တောင်သူများသည် ရာသးအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Apr 09,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ပွင့်ဖြူမြို့နယ်၌ စားဖိုချောင်သီးနှံစုံ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုနေ့စဉ်ဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေ
Apr 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ထိထိရောက်ရောက်အကျိုးရှိရှိအသုံးချနိုင်ရေး ဘားကပ်နှင့် တရုတ်လှလျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Apr 09,2023
ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားကောင်းလာစေရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက် ရောက်အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊  တရုတ်လှ လျှပ်စစ်မြစ်ရေ တင်လုပ်ငန်း နှင့်မြစ်ရေတင်အကျိုးပြုဧရိယာများအတွင်းစိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆောင်ရွက်
Apr 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အများပြည်သူများဘေးအန္တရာယ်ကင်းလုံခြုံစေရန်ရည်ရွယ်၍ မိုင်းအသိ၊ မိုင်းသတိအသိပညာပေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်နှင့်သင်္ကြန်ခေါင်းစဉ်ဖြင့် (Talk Show) ပြုလုပ်
Apr 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လူငယ်နှင့် သင်္ကြန်ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ(၂) အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့စာဖတ်ဝိုင်းပြုလုပ်
Apr 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လုထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲပိုင်းက Youth Club အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။