ကော့မှူးတွင် ပါဠိပထမပြန်စာမေးပွဲစာတင်ဖြေဆို

ကော့မှူး မတ် ၂၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဋိပထမပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်မိဂဒါဝုန်ဓမ္မာရုံ‌တော်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာဖြေဆိုနေကြကြောင်း သိရသည်။

အဆိုပါပါဋိပထမပြန်စာမေးပွဲကျင်းပရာတွင် နိုင်ငံတော်သံဃမဟာနာယက(တွဲဖက်အကျိုး တော်ဆောင်)ဆရာ‌တော်ဦး‌ ကောဏ္ဍ‌ည၊(အဖွဲ့ဝင်)ဦးဝိရောစဏနှင့် ဩဝါဒဆရာတော်များနှင့် ကြီးကြပ်ဆရာ‌တော်များက စာဖြေ‌နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဌာက ဥက္ကဋ္ဌ ဦးခင်ဇော်နှင့်အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဝေယျာဝစ္စလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ပါဋိပထမပြန်စာ‌မေးပွဲဖြေဆိုရာတွင် စာရင်းရှိသံဃာ(၁၁၂)ပါး၊‌ ဖြေဆိုသံဃာ(၁၀၂)ပါး၊ ပျက်ကွက်သံဃာ(၁၀)ပါး၊ စာရင်းရှိသီလရှင် (၄)ပါး၊‌ ဖြေဆိုသီလရှင်(၂)ပါး ပျက်ကွက် သီလရှင် ()ပါး ၊စုစုပေါင်းသံဃာနှင့်သီလရှင်(၁၀၄)ပါး ဖြေဆိုတော်မှုခဲ့ကြကြောင်း သိရသည်။

ကျော်သူရ