သတင်းများ

ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ချောင်းကျေးရွာ၌ ဆိပ်ခံတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ငါးရန့်ချောင်းအုပ်စု၊ တောင်ချောင်းကျေးရွာ၌ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သည့် တောင်ချောင်းဆိပ်ခံတံတား ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ၊ ကျေးလက်နေပြည်သူ များ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Apr 08,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့နက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ
Apr 08,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်နှင့် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။
ကျောက်ကြီးမြို့နယ်၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 08,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် Youth Club အဖွဲ့ဝင်များနှင့် ချစ်ဦးညိုရေးသားထားသော တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   (Community Centre)ခန်းမ၌ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြောင်းမြခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်အတွင်း သုံးရေအခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်းရှိ တာဝန်ရှိသူများပူးပေါင်း၍ သုံးရေများ ပေးဝေ
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ သုံးရေအခက် ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ညနေ ၅ နာရီအချိန်မှစတင်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ် ရေသယ်ယာဉ်ဖြင့် သုံးရေများ ပေးဝေခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူများပြားခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်(၄)မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ) အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ( ၄)နာရီအချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။