သတင်းများ

မင်းဘူခရိုင် စုပေါင်းရုံး(၄)ထပ်ဆောင်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Apr 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စုပေါင်းရုံး(၄)ထပ်ဆောင်၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
တာမွေမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Apr 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ
Apr 09,2023
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ကွန်ပျူတာပန်းချီရေးဆွဲပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးကွန်ပျူတာတက္ကသိုလ်၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား
Apr 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊  ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှပြည်တွင်း ဘုရားဖူးလာရောက်ကြသူများ ယမန်နေ့ နံနက်ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရသည်။
ခန်ကုန်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် သီးနှံမျိုးစေ့များနှင့် အိမ်ထောင်စုဇယား၊ မှတ်ပုံတင်များ အခမဲ့ထောက်ပံ့ပေးအပ်
Apr 09,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ခန်ကုန်းကျွေးရွာမှ မီးဘေးသင့်ပြည်သူများ ရာသီအလိုက်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် စမုံနက်နှမ်းမျိုးစေ့များနှင့် မီးလောင်ပျက်စီးသွားသည့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်)များကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျေးရွာ၊ ရတနာပုံကျောင်းဓမ္မာရုံ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ
Apr 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Apr 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံရှိ နောင်လာနောင်သားများအား မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာ အတာသင်္ကြန်အကြောင်း  သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၌ အင်္ဂလိပ်စာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန့်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေစီမံ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ သင်တန်းသား/သင်တန်းသူများနှင့် ၎င်းတို့၏မိဘ များတက်ရောက်ကြသည်။