ကျိုက်မရောမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

ကျိုက်မရော မတ် ၂၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခု အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီး အတွင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အစိုးရ ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် မြို့နယ်သာသနာရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီဝင်များက ရဟန်းသံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ အေးချမ်းသာယာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့ ပထမကြီးဖြေဆိုသူ ၁၁ ပါး၊ ပထမလတ်တန်း ဖြေဆိုသူ ၁၀ ပါး၊ ပထမငယ်တန်းဖြေဆိုသူ ၃၂ ပါး၊ အခြေပြုမူလတန်းဖြေဆိုသူ ၁၂၃ ပါး၊ စုစုပေါင်း (၁၇၅) ပါးတို့ လာရောက်ဖြေဆိုတော်မူကြပြီး ဖြေဆိုရန် ပျက်ကွက်သူ ၄၆ ပါးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၇၉.၂၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)