သတင်းများ

ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအား စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းအားဖြင့် စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Mar 29,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက် မွန်းတည့်၁၂နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေ ဆောင်)၌ စတင်ဖြေဆိုကြသည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၃   ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီး ကျင်းပ   
Mar 29,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဉီးစီးဌာန ၊ ၂၀၂၃  ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကြီးအား ယနေ့ မွန်းတည့် ( ၁၂ ) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီး၌ စာမေးပွဲစည်းကမ်းချက်များနှင့်အညီ  ကျင်းပပြုလုပ်လျက်ရှိသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Mar 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ
မြစ်သားမြို့နယ်၌ မူလတန်းကြိုကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ
Mar 29,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပခဲ့သည်။
လင်းခေးမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်
Mar 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အခြေခံပညာမူလတန်းဆင့် (KG မှ Grade-5 အထိ) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့မှစတင်ကာ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အေးချမ်းစွာဖြင့် ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်  ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မက်မန်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။