Skip to main content

Sep 14, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ် သစ်တွန်ကျေးရွာအုပ်စု မရမ်းတောင်(အောက်)ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ၄/၂၀၂၂ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်း အပင် ၅၀၀၀ ၏ ရှင်သန် အောင်မြင်မှုအခြေအနေနှင့် ယခု နှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၃/၂၀၂၃ အထူးစိမ်း သဘာဝတောထိန်းကွက်လပ်ဖြည့်စိုက်ခင်း အပင် ၃၀၀၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ထိတွေ့ရာတွင် ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရေး၊ လုံခြုံရေးကောင်းမွန်ရေး၊ ID နှင့် ပတ်သက်သည့် နည်းပညာများလေ့လာရေး၊ ထို့အပြင် ဘာသာစကားနှင့်ပတ်သက်ပြီး ကျွမ်းကျင်ရေး၊ အမြဲလေ့လာရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စက်မှုဇုန်လျာထားမြေနေရာများကို ကွင်းဆင်းကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့စာချုပ်ဆေးခန်းများဖြစ်သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းများတွင် အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့တွင် ကျင်းပမည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံတိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ကျန်စုပြည်နယ် နန်ကျင်းမြို့တွင် ကျင်းပမည့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနလေ့လာရေး အစီအစဉ်အတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးနည်းပညာများ အလျင်အမြန်တိုးတက်လာမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း ဆက်သွယ်ရေးကွန်ရက်ကို တည်ထောင်အသုံးပြုနိုင်ကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုရန်၊ ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပမှအခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှုများကို ဝန်ဆောင်မှုပေးနိုင်စေရန်၊ အများပြည်သူဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာစေရန်၊ လုပ်ကိုင်သူတို့နှင့် အသုံးပြုသူတို့အား အကာအကွယ်ပေးနိုင်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးအတွက် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်က အဓိကကျသည်။ သဘာဝသယံဇာတမည်မည်ရရမရှိစေကာမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ပြင်းထန်ပြီး ထိရောက်ထက်မြက်သည့် အစိုးရ၏ ဦးဆောင်မှု၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သောလူ့စွမ်းအားအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်ခဲ့သော နိုင်ငံများဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှ စတင်ထွက်ခွာလာရာ အဆိုပါနယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများက လာရောက်ဖူးမြော်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၅,၅၁၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၂)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်း ခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများ၏ Internet ပေါ်က စာမျက်နှာများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 13, 2023

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း နိုင်ငံခြားငါးဖမ်းရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်