Skip to main content

Jun 11, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာမူတာ့ဇ်အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက်အယ်လ်ဖာဟင်းမ်အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သည့် မစ္စစ်ပွန်နမ်ပီရူးမား အာရာချ်ချီဂီပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ၁၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာတတ်များစွာလိုအပ်သည်။ ပညာတတ်များပေါများသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်နေပြီး ပညာတတ် နည်းပါးသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံများ၌ ပညာတတ်များပေါများရန်အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြသည်။ အလားတူ ပညာတတ်များပေါများလာရေးအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာပေဖတ်ရှုသည့် အလေ့အထများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2024

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီး ဇွန် ၈ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ရာ ရန်ကုန်နှင့်သန်လျင်ကြား ကူးသန်းသွားလာမှု ပိုမိုလျင်မြန် ချောမွေ့သွားပြီဖြစ်သည်။ ပဲခူးမြစ်ကူးတံတားများ တစ်စင်းပြီးတစ်စင်း တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ရန်ကုန်နှင့်သန်လျင်တို့ တစ်ဆက်တစ်စပ်တည်းဖြစ်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်မြင့်မားလာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် ရေကူးနေသည့် လူငယ် ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းကြောင်းနှင့် တချို့ကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ မစုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄ဝ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများ၊ လမ်းတံတားများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တက္ကသိုလ်အလိုက်ဘွဲ့နှင်းသဘင်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်