Sep 12, 2023
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြည်ပမှ(ကူမင်တန်-တရုတ်ဖြူ)ကျူးကျော်မှုရှိခဲ့ပြီး ၎င်းတို့ဆုတ်ခွာသွားချိန်တွင် လက်နက်ကိုင်သောင်းကျန်းမှုများ အမြစ်တွယ်ကျန်ရစ်ခဲ့သည်။ အလားတူဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)များ ပေါ်ပေါက်လာပြီး ဗကပများချုပ်ငြိမ်းသွားသော်လည်း လက်နက်ကိုင်ဆောင်သည့်ပြဿနာများ ယနေ့အချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်သည်။
Sep 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့တွင် အရေးကြီးသည့် လိုအပ်ချက်တစ်ရပ်မှာ နည်းပညာဖြစ်သည်။ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသည့် နိုင်ငံတို့အနေဖြင့် ပညာရေးနှင့်သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု လုံလောက်စွာ မပြုလုပ်နိုင်ကြသည့်အလျောက် နည်းပညာပိုင်းတွင်လည်း ချို့တဲ့ကြသည်။ ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံတွင် ကုန်ထုတ်လုပ်နိုင်စွမ်း မြင့်မားရေးအတွက် လိုအပ်သော နည်းပညာရရှိနိုင်ရန်မှာ “အရင်းအနှီးစုဆောင်းမှု” ကို ကနဦးပြုလုပ်ကြရမည်ဖြစ်ပြီး ယင်းအတွက် အားထုတ်ရုန်းကန်ကြရကြောင်းကို အမေရိကန်၊ ယူကေ၊ ဂျပန်၊ ဥရောပနိုင်ငံများ ဖွံ့ဖြိုးမှုမရရှိမီကာလများအားရည်ညွှန်း၍ ပညာရှင်များက မိန့်ဆိုထားသည်။
Sep 11, 2023
အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်းပြီး သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင် လှည့်လည်ရောင်းချလျက်ရှိပါသည်။ ထိုသို့ရောင်းချလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ပေါ်ရှိ ဈေးများ၊
Sep 11, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသဖြင့် သွားရောက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့မှစစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်အား တွေ့ရှိခဲ့သည်။
Sep 11, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 11, 2023
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သောဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ Online မှ တစ်ဆင့် တက်ရောက်ကြသောအဖွဲ့ဝင်များ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြပါသည်။
Sep 11, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 11, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့နှင့်အတူ ချမ်းမြသာစည်မြို့နယ် မန္တလေးဇီဝိတဒါနသံဃာ့ဆေးရုံကြီး အဆောင်(၈)၌ ကျင်းပသည့် ငွေပဒေသာပင်စိုက်ထူခြင်း အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
Sep 11, 2023
နေပြည်တော် စက်တင်ဘာ ၁၁
အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာပါ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်ပါသည်။
Sep 11, 2023
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
Sep 11, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ဦးတင်မောင်ဆွေအား ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်
Sep 11, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေ အား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။
Sep 11, 2023
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်တို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဆီးနှင့်ကျောက်ကပ်ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန် ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံ ပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေး သည်။
Sep 11, 2023
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက် ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ်များပါအတိုင်း အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုသို့အကောင်အထည်ဖော်ရာတွင် စီမံခန့်ခွဲမှု၊ လက်တွေ့ကျကျဆောင်ရွက်မှု၊ တက်ညီလက်ညီ အားကြိုးမာန်တက်ဆောင်ရွက်မှုတို့အပေါ်တွင် မူတည်၍ ရလဒ်အမျိုးမျိုးပေါ်ထွက်ခဲ့သည်။
Sep 11, 2023
ကာဇက်စတန်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E.Ms. Elvira Azimova ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကာဇက်စတန် သမ္မတနိုင်ငံ အက်စ်တာနာမြို့ ၌ “Constitutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်သည်။
Sep 11, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့် ထီလုံကျေးရွာသို့သွားရောက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားကြသည်။
Sep 11, 2023
ဒေသတည်ငြိမ်အေးချမ်းမှုသည် ဒေသတွင်းနေပြည်သူများ အလိုလားဆုံးသော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်သည်။ ဒေသများနည်းတူ နိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
Sep 11, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည်။
Sep 11, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့နှင့်အတူ ချမ်းမြသာစည်မြို့နယ် မန္တလေးဇီဝိတဒါန သံဃာ့ဆေးရုံကြီး အဆောင်(၈)၌ ကျင်းပသည့် ငွေပဒေသာပင်စိုက်ထူခြင်း အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။