Skip to main content

စစ်တွေမြို့တွင် လစာလာထုတ်သည့်မြို့နယ်ပညာရေးမှူးနှင့် စာမေးပွဲအခန်းစောင့်ရန်လာသည့် ဆရာ၊ ဆရာမ ၂၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လစာလာထုတ်သည့် မြို့နယ်ပညာရေးမှူးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ရန်လာသည့် ဆရာ၊ ဆရာမ ၂၀ ဦးခန့်ကို မတ်လ ၇ ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရစစ်တွေမြို့တွင် လစာလာထုတ်သည့် မြို့နယ်ပညာရေးမှူးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အခန်းစောင့်ရန်လာသည့် ဆရာ၊ ဆရာမ ၂၀ ဦးခန့်ကို စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထားခြင်းမရှိကြောင်း သိရှိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့နယ်အတွင်းရှိ မြို့၊ ရွာများတွင် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်အတွက် ဌာနဆိုင်ရာအဆောက်အဦများကို ဒရုန်းများ၊ လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများမှတဆင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ် ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မှန်ကန်မှုမရှိသည့် သတင်းအမှားများကို လုပ်ကြံ‌ရေးသား ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။