Skip to main content

တောင်ကြီးနှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် ညနေ ၄ နာရီ မိနစ်၄၀ တွင် တောင်ကြီးမြို့နယ် မိုင်းသော် (အနောက်)ကျေးရွာအုပ်စု ဟဲကယ်ကျေးရွာအနီးတွင် သားဦးမောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ဆမ်ဂျုံ မောင်းနှင်ပြီး ကျဟယ်လိုက်ပါလာသည့် CROWN အမျိုးအစားမော်တော်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ကီလို ၁၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီ ၄၅ မိနစ်တွင် စိုင်းလှဆွေ (ခ) အိုက်ကျိုင်းအား တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိနေအိမ်တွင် စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉၈ ကီလို၊ အိုက်စ် သုည ဒသမ ၀၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်