Skip to main content

Sep 15, 2020

အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ ဆေးပညာ ဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည် ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ သံသယလူနာများကို နှာခေါင်း၊ အာခေါင်တို့ဖတ်ယူခြင်း သင်တန်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဖျားနာကုအခမဲ့ဆေးခန်းများ (Fever Clinics)မှ တာဝန်ခံဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်း ဆရာဝန်များအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှလာရောက် သည့် MT.HAI XING သင်္ဘောပေါ်မှ သင်္ဘောသား ရှစ်ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် M.V EVER ALLIANCE သင်္ဘောပေါ်မှ သင်္ဘောသား ငါးဦးနှင့် အိန္ဒိယနိုင်ငံမှလာရောက်သည့် MT. BUSAN HOPE သင်္ဘောပေါ်မှ သင်္ဘောသား ၁၃ ဦး စုစုပေါင်း သင်္ဘော သုံးစင်းပေါ်မှ သင်္ဘောသား ၂၆ ဦးသည် စက်တင်ဘာ ၁၄ ရက် ညနေ ပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး ဟိုတယ်များ၌ အသွား အလာ ကန့်သတ် စောင့်ကြည့်မှုကို ခံယူလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက CERP အစီအစဉ်အရ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်‌ ပြီးစီးမှုအခြေအနေများ သိရှိနိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၀၉ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည် ရေး တံတားမှ တစ်ဆင့် စက်တင်ဘာ ၁၄ ရက်က ဆက်လက် ဝင်ရောက် လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

အောင်မြင်မှုစီမံကိန်းအနေဖြင့် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲကာလအတွင်း အဝတ်နှာခေါင်းစည်း နှစ်သန်းခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အောင်မြင်မှုစီမံကိန်းထုတ်ပြန်ချက် များအရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (ဖောင်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် အတွက် အဆောက်အအုံများကို ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည် ဖြစ်ကြောင်း ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လှူဒါန်းသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များ အသင်း ချုပ်မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသည့် လူနာများ နေ့စဉ် နှင့်အမျှ များပြားလာသောကြောင့်ထပ်တိုးလူနာများထားရှိရန်အတွက် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ဆောင်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်ဝင်လာသည့် အရှိန်အဟုန်သည် ယခင် ကြုံဖူးသည်နှင့်မတူ။ ချက်ချင်းဆိုသလို ရက်ပိုင်းအတွင်းမှာပင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာဦးရေက သုံးထောင် ကျော်သွားခဲ့သည်။ တိမ်းပါးသွားရသူ အရေအတွက်လည်း မြင့်မားလာသည်ကို တွေ့ရ၏။ နေ့စဉ်နေ့စဉ် ပိုးတွေ့လူနာ အရေအတွက်က ရာဂဏန်း တိုးလာနေခြင်းဖြစ်၏။ နိုင်ငံတကာဖြစ်စဉ်များနှင့် နှိုင်းယှဉ် လျှင် ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်နေသေးသည့်အတွက် အများပြည်သူတို့အနေဖြင့် အလွန်အကျွံ ပူပန်စိုးရိမ်မှုဖြင့် တုံ့ပြန်ကြရန် မလိုအပ်သော်လည်း သတိပြု ဂရုစိုက်မှုတော့ များစွာ တိုးမြင့် လုပ်ဆောင် ကြရန် လိုပါလိမ့်မည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2020

ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ဖြစ်ပေါ်နေသည့် ဒေသဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ်တိုးပွားနေသော ပိုးတွေ့ လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

၁။ (၁၄-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Sep 14, 2020

(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး(55th Meeting of the ASEAN Committee on Culture and Information, 55th ASEAN-COCI Meeeting) ကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူနိုင်ငံမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်