Skip to main content

မြဝတီမြို့ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၉ ဦး ဆက်လက် ဝင်ရောက်

 

မြဝတီ စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၀၉ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည် ရေး တံတားမှ တစ်ဆင့် စက်တင်ဘာ ၁၄ ရက်က ဆက်လက် ဝင်ရောက် လာကြောင်း သိရသည်။
ပြန်လည် ဝင်ရောက်လာသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ် ချက်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် မှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ၃၁ ရက် အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက် အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင် ဘာ ၁ ရက်မှ ၁၄ ရက်အထိ ၅၉၇၉ ဦးတို့ ပြန်လည်ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။ ယနေ့ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၁၃၀၊ အမျိုးသမီး ၇၉ ဦး စုစုပေါင်း ၂၀၉ ဦး ဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင် ပေးကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)