Skip to main content

နေရပ်ပြန် မြန်မာသင်္ဘောသားများအား ကော့သောင်း၌ အသွားအလာကန့်သတ်စောင့်ကြည့်ထား

 

ကော့သောင်း စက်တင်ဘာ ၁၄

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှလာရောက် သည့် MT.HAI XING သင်္ဘောပေါ်မှ သင်္ဘောသား ရှစ်ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် M.V EVER ALLIANCE သင်္ဘောပေါ်မှ သင်္ဘောသား ငါးဦးနှင့် အိန္ဒိယနိုင်ငံမှလာရောက်သည့် MT. BUSAN HOPE သင်္ဘောပေါ်မှ သင်္ဘောသား ၁၃ ဦး စုစုပေါင်း သင်္ဘော သုံးစင်းပေါ်မှ သင်္ဘောသား ၂၆ ဦးသည် စက်တင်ဘာ ၁၄ ရက် ညနေ ပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး ဟိုတယ်များ၌ အသွား အလာ ကန့်သတ် စောင့်ကြည့်မှုကို ခံယူလျက် ရှိကြောင်း သိရသည်။

င်္ဘောများပေါ်မှ တာဝန်ပြီးဆုံး ထွက်လာ သည့် အဆိုပါ မြန်မာသင်္ဘောသား ၂၆ ဦးမှာ ကော့ သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT. HAI XING သင်္ဘောပေါ်သို့ တာဝန်ထမ်းဆောင်ရန် တက်ရောက်မည့် ကပ္ပတိန် စောသျှားဂေးထူးပါ သင်္ဘောသား ခုနစ်ဦး၊ M.V EVER ALLIANCE သင်္ဘောပေါ်သို့ တာဝန်ထမ်းဆောင်ရန် တက်ရောက် မည့် ကပ္ပတိန် ဦးကျော်ထက်လင်းပါ သင်္ဘောသား သုံးဦး၊ MT.BUSAN HOPE သင်္ဘောပေါ်သို့ တာဝန်ထမ်းဆောင်ရန် တက်ရောက်မည့် ကပ္ပတိန် ဦးစိုးမင်းထွန်းပါ သင်္ဘောသား ၁၂ ဦးတို့နှင့် တာဝန် လွှဲပြောင်းယူခဲ့သူများဖြစ် သည်။

သင်္ဘောများပေါ်မှ တာဝန်ပြီးဆုံးထွက်လာသည့် မြန်မာသင်္ဘောသား ၂၆ ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိ ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာန တို့မှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေး မှုများကို ဆောင်ရွက်ပေးခဲ့ကြပြီးနောက် ကော့သောင်းမြို့နှင့် မြိတ်မြို့များရှိ ဟိုတယ်များတွင် ၂၁ ရက်ကြာ အသွား အလာကန့်သတ် စောင့်ကြည့်ခံ နေထိုင်၍ ၎င်းတို့၏ တို့ဖတ်နမူနာများကို ရန်ကုန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)