Skip to main content

အောင်မြင်မှုစီမံကိန်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲ ကာလအတွင်း အဝတ်နှာခေါင်းစည်း နှစ်သန်းခန့် ဖြန့်ဖြူးပေးနိုင်ခဲ့

 

ရန်ကုန် စက်တင်ဘာ ၁၄

အောင်မြင်မှုစီမံကိန်းအနေဖြင့် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲကာလအတွင်း အဝတ်နှာခေါင်းစည်း နှစ်သန်းခန့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အောင်မြင်မှုစီမံကိန်းထုတ်ပြန်ချက် များအရ သိရသည်။

ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း အောင်မြင်မှုစီမံကိန်းသည် ဧပြီလမှ စတင်ကာ အထည်ချုပ် စက်ရုံ ၁၄ ရုံနှင့် ပူးပေါင်း၍ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ် ရေးစင်တာ (CDC) ၏ လမ်းညွှန်မှုနှင့်အညီ အဝတ်နှာခေါင်းစည်းများကို ချုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အထည်ချုပ်စက်ရုံများအတွက် အမှာအော်ဒါများ မှာယူခြင်းဖြင့် အထည်ချုပ်စက်ရုံများနှင့် လုပ်သား ၅၀၀ ကျော်များအား အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေခဲ့သည်။ ထို့ပြင် အဝတ်နှာခေါင်းစည်း နှစ်သန်းခန့် ကိုလည်း အထည်ချုပ်လုပ်သားများနှင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အဝတ်နှာခေါင်းစည်းများကိုလည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးနိုင်ခဲ့သည်။ အောင်မြင်မှု စီမံကိန်း၏ Program Director ဖြစ်သူ မစ္စဆူးတိုင်က “အစိုးရရဲ့ ကျန်းမာရေးလမ်းညွှန်မှုနဲ့အတူ လိုက်နာဖို့ အတွက်က အလုပ်ရှင်နဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေကြား ခက်ခဲရုန်းကန်နေရတဲ့ အချိန်အခါမှာ အောင်မြင်မှု စီမံကိန်းအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အောင်မြင်မှုစီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) မှ ဘဏ္ဍာ ငွေများ ထောက်ပံ့လျက်ရှိပြီး Legal Clinic Myanmar နှင့် Business Kind Myanmar တို့၏ အကူ အညီဖြင့် Care Inter-national in Myanmar က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)