Dec 16, 2020
ကျန်းမာကြံ့ခိုင်သော ပြည်သူပြည်သားများသည် မိမိ မိသားစုအကျိုးပြု မိမိနိုင်ငံအကျိုးပြုသည့် လူ့စွမ်းအား အရင်း အမြစ်များ ဖြစ်သည်။ ပြည်သူတို့ အနေဖြင့် ယခင်အခါက နိစ္စဓူဝ ဗာဟီရကိစ္စများဖြင့် ပြီးလွယ်စီးလွယ် နေထိုင် ခဲ့ကြသော်လည်း မျက်မှောက်ကာလမှစ၍ မိမိတို့ကျန်းမာရေးအတွက် မပေါ့မဆ မပျက်မကွက် သတိမူနေထိုင် ရတော့မည့် အခြေအနေဖြစ်သည်။ ကျန်းမာရေးကို သတိမူခြင်းသည် မိမိနှင့် မိမိတိုင်းပြည်အနာဂတ်အတွက် ရေရှည်ကောင်းကျိုးပြုနိုင်မည် ဖြစ်သည်။
Dec 16, 2020
ပရော်ဖက်ရှင်နယ်ဟူသည့်စကားရပ်ကို ပရိုများဟူ၍ အတိုကောက် ခေါ်ဝေါ်သုံးစွဲကြသကဲ့သို့၊ စာနှင့်ပေနှင့်တွင် သက်မွေးဝမ်း ကျောင်းမှု ပညာရှင်ဟုလည်းသုံးကြလေ့ရှိ၏။ အတိုချုံကာ အနီးစပ်ဆုံး ဆိုရပါမူ ပညာရှင်စစ်စစ်ဟူ၍ ဖြစ်မည် ထင်ပါသည်။ ပမာအားဖြင့် ဆေးပညာရှင်ဆရာဝန်တစ်ဦး ဖြစ်သည်ဆိုလျှင် ဆေးပညာအတတ်ကို သင်ကြ ကျွမ်းကျင် တတ်မြောက်ပြီး ထိုပညာဖြင့် သက်မွေးဝမ်းကျောင်းလည်းပြုကာ၊ ထိုပညာရပ်ဆိုင်ရာ ကျင့်ဝတ်တို့ကို လိုက်နာ၍ မိမိ၏လုပ်ဆောင်မှုကြောင့် ပညာရပ် ၏ ဂုဏ်သိက္ခာနှင့် အသရေကို တိုးမြင့်စေမည့် သူမျိုးကို ဆိုလိုပါ သည်။
Dec 15, 2020
၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI) မင်္ဂလာခန်းမ ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီရေးဆိုင်ရာလမ်းညွန်ချက် များနှင့်အညီ ကျင်းပရာ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် ဗီဒီယို မိန့်ခွန်း ပြောကြားသည်။
Dec 15, 2020
Zeya and Associates Co., Ltd ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 15, 2020
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 15, 2020
ကရင်ပြည်နယ်၊ မြိုင်ကြီး ငူအထူးဒေသရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာ ချထားရေး ဆက်လက် ဆောင်ရွက် မည့်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Dec 15, 2020
ဗဟို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေး အေဂျင်စီနှင့် ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပသည်။
Dec 15, 2020
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် တရားခံများ အား မိတ္ထီလာမြို့နယ်နှင့် မော်လမြိုင် မြို့နယ်တို့တွင် အမိုနီယမ်နိုက်ထရိတ် များနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Dec 15, 2020
(၁၄-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်တွေ့မှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၇၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။