နေပြည်တော်၊ ဒီဇင်ဘာ ၁၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် တရားခံများ အား မိတ္ထီလာမြို့နယ်နှင့် မော်လမြိုင် မြို့နယ်တို့တွင် အမိုနီယမ်နိုက်ထရိတ် များနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့ (၁၁၀ဝ) အချိန်တွင် ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနေ မင်းစည် (၂၆) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အဖြစ် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျီးကုန်းရပ်ကွက်နေ သီဟကိုကို (၂၉) နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ဇရပ်ကွင်း ကျေးရွာနေ အောင်သက်ပိုင် (၁၈) နှစ်တို့ လိုက်ပါလာသော ကုန်ပစ္စည်းများ တင်ဆောင် လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ အမိုနီယမ်နိုက်ထရိတ်အလေးချိန် (၂၈၅၀) ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း( ၃) လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်အရ ထွန်းမင်း (၃၅) နှစ်နှင့် တင်မိုးလှိုင် (၃၂) နှစ်တို့အား မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်းအတွင်း၌ (၂၀ဝ၀) အချိန်တွင် ဖမ်းဆီး ရမိခဲ့ပြီး၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ (၀၃၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့၊ သီးကုန်းတိုးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)နေ သန်းမြတ်စိုး (၅၁) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် ပြည်ကြီးတံခွန်မြို့နယ်၊ (က) ရပ်ကွက်နေ ရန်နိုင်လွင် (၃၈) နှစ်၊ မြစ်သား မြို့နယ်၊ ဆင်ခြံကျေးရွာနေသူများ ဖြစ်သည့် ပြည့်ဖြိုးကျော် (၂၂) နှစ်နှင့် အောင်ကိုဝင်း (၂၀) နှစ်တို့ လိုက်ပါ လာသော ကုန်ပစ္စည်းများတင်ဆောင်လာသည့် ခရီးသည် တင်မော်တော် ယာဉ် အား စစ်ဆေးရှာဖွေရာ အမိုနီယမ်နိုက်ထရိတ် အလေးချိန် (၉၀ဝ) ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉.၉ သိန်း)နှင့် လက်ကိုင်ဖုန်း (၃) လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်အရ ယင်းနေ့(၀၅၀၀) အချိန်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော တံတားဦး မြို့နယ်၊ သင်ပန်းကျေးရွာနေ ဇော်မင်း (၃၉) နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်အဖြစ် ပြည်ကြီး တံခွန်မြို့နယ်နေသူများ ဖြစ်သည့် ချမ်းဝင်းအောင် (၃၇) နှစ်နှင့် ထွန်းထွန်းဝင်း (၃၄) နှစ်တို့ လိုက်ပါ လာသော ကုန်ပစ္စည်းများတင်ဆောင်လာသည့် ခရီးသည်တင် မော်တော်ယာဉ် အား စစ်ဆေးရှာဖွေရာ အမိုနီယမ် နိုက်ထရိတ်အလေးချိန် (၁၇၅၀) ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉.၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်အရ (၀၇၀၀) အချိန်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ သူရကျော်(ခ) ကိုပြည့် (၃၇) နှစ်နှင့် (၀၉၃၀) အချိန်တွင် လှိုင်ရပ်ကွက်နေ သိန်းဇော် (၃၃) နှစ်အား မော်တော်ယာဉ် (၁) စီး၊ လက်ကိုင်ဖုန်း (၂) လုံးနှင့်အတူ ပူးပေါင်းအဖွဲ့မှ မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်း၌ ဖမ်းဆီးရမိခဲ့ပြီး (၁၀၁၅) အချိန်တွင် လှိုင်ရပ်ကွက်နေ ကျော်ရဲလွင် (ခ)ကုလားလေး (၂၉) နှစ်အား ၎င်း၏ နေအိမ်တွင် မော်တော်ယာဉ် (၁) စီး၊ လက်ကိုင်ဖုန်း (၁) လုံးနှင့်အတူ လည်းကောင်း၊ (၁၁၀၀) အချိန်တွင် မြိုင်သာယာရပ်ကွက်နေ ဖိုးဦး (၃၄) နှစ် အား ၎င်း၏နေအိမ် တွင်လည်းကောင်း၊ (၁၁၃၀) အချိန်တွင် စမ်းကြီး ရပ်ကွက်နေ စည်သူ (၄၂) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိပြီး ခြံဝင်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ဆာလာအိတ်များ ဖြင့်ထည့်ထားသည့် အမိုနီယမ်နိုက်ထရိတ်အလေးချိန် (၂၀၉၇၅) ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၄၈.၇၅ သိန်း)အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
#CCDAC_Myanmar