နေပြည်တော် ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခ ချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်စိုး၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ အရာထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူ များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (၁၅)နှစ်ပြည့် အထိမ်း အမှတ်သည် နောင် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲ၍ အရည်အချင်းပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များ ဆက်လက်မွေးထုတ်ပေးနိုင်ပါ စေဟု ဆုမွန် ကောင်းတောင်းပါကြောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ပေးခြင်း များကို ၂၀၀၅ ခုနှစ်မှ ယနေ့ အချိန်အထိ B.Tech ဘွဲ့ရ (၁၂၃၃၀) ဦး၊ BE/ B.Arch ဘွဲ့ရ (၁၁၅၄၅) ဦး၊ ME/ M.Arch ဘွဲ့ရ (၆၁၉)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မဟာ ဘွဲ့ရများ ယခုထက် ပိုမိုပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
သိပ္ပံနှင့်နည်းပညာ အခန်းကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြု နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ သုတေသန ပညာရှင်များဖြင့် International Paper များ ဖတ်ကြားခွင့် ရရှိနိုင်ရန် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတကာ စာတမ်းဖတ်ပွဲ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့သည်ကိုသိရပါကြောင်း၊ အဆိုပါ စာတမ်းများအပေါ် အခြေခံ၍ တိုင်းကျိုးပြည်ပြု လုပ်ငန်းများ ဆက်လက်အကောင် အထည် ဖော်ဆောင် ရွက်နိုင်ရန် သုတေသနစာတမ်းဖတ်ပွဲများကို နည်းပညာ တက္ကသိုလ် များ၊ ကွန်ပျူတာတက္ကသိုလ်များတွင် ကျင်းပ နေသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက် ပါကြောင်း။
မွေးထုတ်လိုက်သည့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များအတွက် အရည် အသွေးအာမခံမှု ဆိုင်ရာ လုပ်ငန်း စဉ်များကို ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ၂၀၁၅ ခုနှစ်မှစတင်၍ Quality Management System စတင်ထူထောင်ကာ ၂၀၁၈ ခုနှစ်တွင် AUN-QA Associate Member တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေခြင်းအတွက် အထူးပဲဝမ်း သာ ဂုဏ်ယူပါကြောင်း။
နည်းပညာတက္ကသိုလ်များအနေဖြင့် မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရကျောင်းသူ၊ ကျောင်းသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုစေရေးအတွက် လုပ်ငန်းခွင် နှင့် ပိုမိုပြီးတော့နီးစပ်စွာ ဆောင်ရွက်နိုင်ရေး School Industry Partnership လုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် အနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အတွက် Internship Programme လုပ်ငန်းစဉ် ဆောင်ရွက် နေပြီး (၈)ပတ်ဆက်တိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် ကောင်းမွန် ပါကြောင်း၊ Internship Programme သည် ကျောင်းသား၊ ကျောင်းသူ များအတွက် သင်ကြားမှု၊ သင်ယူမှုကို အထောက် အကူပြု စေပြီး စက်ရုံ အလုပ်ရုံ များမှ တန်ဖိုးရှိ သောအတွေ့အကြုံများ၊ ပညာရပ်များရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံများတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင် မည့်အပြင် ကျောင်းသား၊ ကျောင်းသူများ Internship ဆင်းနိုင်ရေး အတွက် ဝန်ကြီးဌာန များမှ စက်ရုံ/အလုပ်ရုံများ၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်း များနှင့် ချိတ် ဆက်ဆောင် ရွက်ခြင်းသည် အလွန်ကောင်းမွန်ပါကြောင်း၊ အထူးသဖြင့် အင်ဂျင်နီယာ/ ဗိသုကာ ကျောင်းသား၊ ကျောင်းသူများ Internship ဆင်းနိုင်ရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်င ံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် တို့မှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက် ပေးနေခြင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိ ပါကြောင်း၊ ဆက်လက်ကူညီ ဆောင်ရွက်ပေး ရန်လည်း မေတ္တရပ်ခံ ပါကြောင်း။
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူဟောင်းများ အခန်းကဏ္ဍသည် အင်မတန်အရေးပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် ပြင်ပလုပ်ငန်းခွင် များကို ရောက်ရှိသည့် အခါ သင်ကြား ပို့ချပေး လိုက်သည့် သင်ခန်းစာနှင့် လုပ်ငန်းခွင်ဆောင်ရွက်ချိန်တွင် လိုအပ်ချက်များ၊ လုပ်ငန်းခွင်တွင် သုံးစွဲနေသော ခေတ်မီ စက် ကိရိယာများ၊ နည်းပညာ များ၊ Stakeholder များ၏ လိုအပ်ချက်များကို မိမိတို့ သက်ဆိုင်ရာတက္ကသိုလ်တွင် ပြန်လည် အကြံပြု ဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား Seminar ပေးခြင်း၊ ပြင်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းစသည် လုပ်ငန်းစဉ်များ သည် အင်မတန် ကောင်းမွန်ပါကြောင်း၊ ကျောင်းသားဟောင်းများကိုလည်း ကျေးဇူးတင်ပါ ကြောင်း။
ပညာရေးတွင် အရေးအကြီးဆုံး တန်ဖိုးအရှိဆုံးသည် သင်ယူခြင်း (Learning) ဖြစ်ပါကြောင်း၊ သင်ယူခြင်းသည်သာ အနန္တ ရတနာ သိုက်ဖြစ်ပါကြောင်း၊ နည်းပညာ တက္ကသိုလ် အနေဖြင့် အမြင့်ဆုံးစွမ်းဆောင်ရည်ရှိသော ဘွဲ့ရ လူငယ် မောင်မယ်များ မွေးထုတ်၍ ဒေသ၏အကျိုး၊ နိုင်ငံ၏အကျိုးကို စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင် သည့် တက္ကသိုလ်အဖြစ် နှစ်ပေါင်းရာထောင်ချီ ကမ္ဘာတည်သရွေ တည်တံ့ ပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဒေါက်တာမျိုးကြွယ်က ဂုဏ်ပြုအမှာစကားပြောကြား၍ ရန်ကုန် အနောက် ပိုင်း နည်းပညာတက္ကသိုလ်၏ ဆောင်ရွက်မှုများ ပါဝင်သည့် (၁၅)နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်း တင် Video Clip ကိုပြသသည်။
ယင်းနောက် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက ကျေးဇူးတင် ဝမ်းမြောက် စကား ပြောကြားကြောင်း သိရသည်။
(သတင်းစဉ်)